Blog
ကိုယ်ခံအားကောင်းစေတဲ့ ဟင်းသီးဟင်းရွက်များ
အခုလိုကာလအတွင်းမှာ Go Green မိတ်ဆွေများအနေနဲ့ ခန္ဓာကိုယ်ကျန်းမာဖို့ ကိုယ်ခံအားကောင်းစေဖို့အတွက် ဘာတွေစားသောက်ရမလဲဆိုတာကိုမျှဝေပေးပါရစေခင်ဗျ… ၁) ဗီတာမင် C ပါတဲ့ အသီးတွေ အချဉ်အရသာရှိတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ရှောက်ချိုသီးလိုမျိုး အသီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်ကြပါတယ်။ ဗီတာမင် C ကခန္ဓာကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်စေသလို ကူးစက်ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် ဗီတာမင် C ပါဝင်တဲ့ အသီးအနှံတွေစားပေးပါ။ ၂) ချင်း – ချင်းကလည်း ဗီတာမင် C လိုမျိုး အအေးမိဖျားနာတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနာနေတဲ့အခါ ချင်းကို စွပ်ပြုတ်ထဲ ထည့်စားတာ၊ရေနွေးထဲထည့်ပြီးသောက်တာမျိုးလုပ်ပေးလို့ရပါတယ်။ ချင်းရဲ့ ကိုယ်ခံအားကိုကောင်းစေသလို ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ၃) ဟင်းနုနွယ် – ဗီတာမင် C၊beta-carotene နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဟင်းရွက်တစ်မျိုးပါ။ ဟင်းနုနွယ်ကနေရရှိတဲ့ အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝရရှိချင်တယ်ဆိုရင်တော့ အရမ်းကျက်အောင် မကြော်ဘဲစားသုံးပေးလို့ရပါတယ်။ အခြားအစိမ်းရောင် အရွက်တွေကလည်း ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ ၄) ပန်းဂေါ်ဖီစိမ်း – ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ C နဲ့ E တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့သင့်တော်တဲ့ စားစရာတစ်ခုဖြစ်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလို ကိုယ်ခံအားကောင်းစေမယ့် အစားအစာများကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ရောဂါဘယများ ကင်းဝေးကြပါစေလို့ Go Green မှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ…
ကျန်းမာရေးအစ အစားအသောက်က
ကျန်းမာရေးအစ အစားအသောက်ကဆိုသလို ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့ နေ့စဉ်ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေက ဓာတုကင်းဖို့လည်းလိုသလို သန့်ရှင်းနေဖို့ကလည်း အလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေဆိုတာ အပြင်ကရောဂါပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုဖြစ်လို့ပါ။ဒါကြောင့်မိတ်ဆွေများအနေနဲ့ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ၊ Organic Foodများ၊ သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအစားများကို တက်နိုင်သမျှရွေးချယ်စားသုံးကြဖို့ အကြံပြုပါရစေခင်ဗျ။