ကျန်းမာရေးအစ အစားအသောက်က
ကျန်းမာရေးအစ အစားအသောက်ကဆိုသလို ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့ နေ့စဉ်ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေက ဓာတုကင်းဖို့လည်းလိုသလို သန့်ရှင်းနေဖို့ကလည်း အလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေဆိုတာ အပြင်ကရောဂါပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုဖြစ်လို့ပါ။ဒါကြောင့်မိတ်ဆွေများအနေနဲ့ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ၊ Organic Foodများ၊ သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအစားများကို တက်နိုင်သမျှရွေးချယ်စားသုံးကြဖို့ အကြံပြုပါရစေခင်ဗျ။