ဂေါ်ဖီထုပ်ရဲ့ အာဟာရတန်ဖိုး
လတ်ဆတ်ပြီး စိမ်းစိုတဲ့ ဂေါ်ဖီထုပ်ရဲ့ အာဟာရတန်ဖိုးက လူသားတွေအတွက် များစွာအထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပြီးပြီလားဗျ။
သူ့မှာပါတဲ့ အာဟာရဓာတ်က ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေကို ကာကွယ်ပေးပြီး ဗီတာမင် စီဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားမြင့်မားစေပြီး ကူးစက်ရောဂါတွေကို တိုက်ထုတ် တွန်းလှန်းနိုင်ပါတယ်။
နောက်ပြီးလူသားအများစုလိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အများဆုံးပါဝင်ပြီး အရိုးတွေကိုပါ ကျန်းမာစေတဲ့အပြင် အာရုံကြောစနစ်ကို ထောက်ပံ့ပေးတာကြောင့် အသက်ကြီးလာရင် ဖြစ်တတ်တဲ့ သတိမေ့လျော့တတ်ခြင်းအတွက်လည်း အထူးကောင်းမွန်စေပါတယ်ခင်ဗျ
ဒီလို ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးတဲ့ ဂေါ်ဖီထုပ်ကို ကျွန်တော်တို့ မိတ်ဆွေများ အမြဲစားပေးဖို့မမေ့နဲ့နော်…