ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်စေဖို့ ဟင်းသီးဟင်းရွက်ကို များများစားကြစို့
လူသားတိုင်း အသက်ရှည်ရှည်နဲ့ ကျန်းမာစွာ နေထိုင်နိုင်ဖို့ အာဟာရဟာ အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကနေ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရကြီး (၆) မျိုးဖြစ်တဲ့ ကစီဓာတ်လို့ခေါ်တဲ့ Carbo Hydrate ရယ်၊ ရေဓာတ်ရယ်၊ အသားဓာတ်လို့ခေါ်တဲ့ Protein ရယ်၊ Vitamin တွေရယ်၊ Mineral တွေရယ်၊ အဆီဓာတ်လို့ခေါ်တဲ့ Fat ကယ် စတဲ့ အာဟာရ (၆) မျိုးကို ခန္ဓာကိုယ်အတွက် လိုအပ်သလောက် မပေးစွမ်းနိုင်ဘူးဆိုရင်၊ ခန္ဓကိုယ်ကြီးက တဖြေးဖြေးနဲ့ ချို့ယွင်းလာပြီးတော့ နောက်ဆုံးမှာ နေမကောင်း၊ ထိုင်မကောင်း ဖြစ်တက်ပါတယ်။
နောက်ပြီး အပြင်ကနေ ရောဂါဘယအမျိုးမျိုးလည်း အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ဒါကြောင့် မိတ်ဆွေများအနေနဲ့ သက်ရှည်ကျန်းမာဖို့ နေ့စဉ် အသား၊ငါး တင်မကပဲ အာဟာရဓာတ်ပါဝင်မှုပိုမိုများပြားတဲ့ သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်များကိုပါ များများစားပေးဖို့ အကြံပြုပါရစေဗျ။